လှုပ်ရှားမှုများ
ပြည်သူများ ၎င်းတို့၏ ဒီမိုကရေစီဆိုင်ရာရပိုင်ခွင့်များကို ပြည့်ဝစွာအကျိုးခံစားခွင့်ရှိသည့် ဒီမိုကရေစီထွန်းကားသည့် လူ့အဖွဲ့ အစည်းတစ်ရပ်ဆီသို့ နှင့် ဒီမိုကရေစီကျကျ ကိုယ်စားပြုနိုင်မှုကိုအားဖြည့်ပေးသည့် အောက်ဖော်ပြပါ အချက်များကို MYNFREL မှလုပ်ဆောင်ပါသည်။
(၁) လွတ်လပ်ပြီးတရားမျှတသောရွေးကောက်ပွဲများသေချာစေမှု
ပုံမှန်လွတ်လပ်ပြီးတရားမျှတသောရွေးကောက်ပွဲသည် ဒီမိုကရေစီတွင် မရှိမဖြစ်ပါရမည့် အခြေခံအင်္ဂါရပ်တစ်ခုဖြစ်ပြီး ၊ စစ်မှန်သည့် ဒီမိုကရေစီကျကျ ကိုယ်စားပြုမှုကို ပြည်သူများကျင့်သုံးနိုင်စေရန် ၎င်းရွေးကောက်ပွဲ မှ ပေါင်းကူးလမ်းအဖြစ် ချိတ်ဆက်လည်ပတ်ပေးပါသည်။ အထက်ဖော်ပြပါ ယုံကြည်ချက် အယူအဆဖြင့် ၊ MYNFREL မှအောက်ဖော်ပြပါ အချက် များကို ဆောင်ရွက်ပါသည်။
ရွေးကောက်ပွဲစောင့်ကြည့်လေ့လာခြင်း
ရွေးကောက်ပွဲဆိုင်ရာလုပ်ထုံးလုပ်နည်း၊ ဥပဒေမူဘောင်ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်အတွက်ပူးပေါင်းဆောင်ရွက်ခြင်းနှင့် နှင့်တိုက်တွန်းလံှု့ဆော်ခြင်းဖြင့်
သုတေသနပြုခြင်း
(၂) ဒီမိုကရေစီဖော်ဆောင်ခြင်း နှင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် နိုင်ငံသားများ၏ ပညာဗဟုသုတ ပြည့်ဝသည့် ပါဝင်ဆောင်ရွက်မှု ကိုတိုးမြှင့်ခြင်း
နိုင်ငံသားများ၏ ပညာဗဟုသုတပြည့်ဝသည့် ပါဝင်ဆောင်ရွက်မှုသည် ဒီမိုကရေစီတွင် အခြေခံကျသည့် အင်္ဂါရပ်တစ်ခု ဖြစ်ပါသည်။ မဲပေးခွင့် ၊ ရွေးကောက်ပွဲကျင်းပခွင့် ၊ နိုင်ငံရေးလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်ခွင့်သည် လူအခွင့်အရေးပါ နိုင်ငံသား နှင့် နိုင်ငံရေးဆိုင်ရာအခွင့်အရေး၏ အခြေခံကျသည့် အခွင့်အရေး ဖြစ်ပါသည်။ အထက်ဖော်ပြပါ ယုံကြည်ချက် အယူအဆဖြင့် ၊ MYNFREL မှအောက်ဖော်ပြပါ အချက်များကိုဆောင်ရွက်ပါသည်။
နိုင်ငံသားကောင်းဆိုင်ရာ အသိပညာပေးခြင်း
မဲဆန္ဒရှင် အသိပညာပေးခြင်း
ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များကို မဲဆန္ဒရှင်များအားသတင်းအချက်အလက်ဝေမျှခြင်း