ဗွီအိုအေ ရေဒီယိုအစီအစဉ် တိုက်ရိုက် ထုတ်လွှင့်မှု
အောက်တိုဘာလ ၃၁ ရက် ဗုဒ္ဒဟူးနေ့မနက် ၆း၀၀ နာရီ မှ ၇း၀၀ နာရီ
ဗွီအိုအေရဲ့ ဗုဒ္ဓဟူးနေ့မနက်ခင်း ရေဒီယိုအစီအစဉ်ကို ရေဒီယိုကနေ ထုတ်လွှင့်ချိန်နဲ့ တပြိုင်နက်ထဲမှာပဲ Facebook ကနေလည်း တိုက်ရိုက် ထုတ်လွှင့်ပေးနေပါတယ်။
ဒီကနေ့မနက်အစီအစဉ်မှာ နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာသတင်းတွေနဲ့အတူ – မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ Reuters သတင်းထောက်တွေဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့အပေါ် ထောင်ဒဏ်စီရင်ချက်တွေကို ဒီသတင်းပတ်အတွင်း အယူခံတင်တော့မှာဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်တွေ နိုဝင်ဘာလအတွင်း နေရပ်ပြန်နိုင်ရေး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကြးသဘောတူညီချက် ရရှိလိုက်ပြီဖြစ်ကြောင်း စတဲ့သတင်းလွှာတွေကို နားဆင်ရမှာပါ။
နောက်ပိုင်းမှာ ကမ္ဘာ့ သတင်း မီဒီယာတွေမှာ ရေးသား ဖော်ပြကြတဲ့ မြန်မာနိုင်ငံအကြောင်း သတင်းဆောင်ပါးတွေအပြင် အင်္ဂါနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်ကိုလည်း ထုတ်လွင့်ပေးသွားဖို့ ရှိပါတယ်။
ဗွီအိုအေ အစီအစဉ်တွေကို အားပေး နားဆင် ကြည့်ရှုတဲ့အတွက် အထူး ကျေးဇူးတင်ပါတယ်။
https://m.facebook.com/story.php?story_fbid=256023208421715&id=351574300169