[:mm]The Voice Daily
28.3.2016
နိုင်ငံတော်သမ္မတဦးသိန်းစိန်ကဖွဲ့စည်းပေးခဲ့သော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လက်ရှိရွေးကောက်ပွဲလုပ်ငန်းစဉ်များအားလုံးကို ပြည်ထောင်စုလွှတ်တော်အတွင်းအမည်စာရင်းတင်သွင်းထားသော ရွေးကောက်ပွဲကော်မရှင်အသစ်ထံသို့မတ်လ(၃၀)ရက်နေတွင်လွှဲပြောင်းပေးမည်ဖြစ်ကြောင်းအဆိုပါကော်မရှင် ညွန်းကြားရေးမှူး ဦးသောင်းလှိုင်က ပြောကြားသည်။
ထို့ပြင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မသစ်ထံသို့ တာာဝန်လွဲပြောင်းနိုင်ရေးအတွက် လက်ရှိ စစ်ဆေးဆဲဖြစ်သော ရွေးကောက်ပွဲ အမှုများအားလုံးကို ဆိုင်းငံ့လိုက်ကြာင်း ၎င်းကဆိုသည်။
“တာဝန်လွှဲဖို့ရက်ကကပ်နေပြီဖြစ်တဲ့အတွက်စစ်ဆေးလို့မပြီးပြတ်သေးတာတွေဆိုင်းငံ့လိုက် တယ်။ နောက်ကော်မရှင်ကဆက်ပြီးလုပ်ဆောင်သွားပါလိမ့်မယ်။တ်ာဝန်လွှဲဖို့အစီရင်ခံစာတွေအားလုံးလည်းအဆင်သင့် ဖြစ်နေပါပြီ။ လက်မှတ်ထိုးပြီးလွှဲပေးလိုက်ရင်ရပါပြီ “ ဟု၎င်းကဆိုသည်။
လက်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို နိုင်ငံတော်သမ္မတဦးသိန်းစိန်က ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင်ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ပြီး ကော်မရှင်ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှတံတားဦးမြို့နယ်ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဦးတင်အေးကို ခန့်အပ်ခဲ့သည်။
ယင်းသို့ ပြည်ထောင်စု ရွးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံရသူသည် ဗိုလ်ချုပ်ကြီးဟောင်းတစ် ဦးဖြစ်နေခြင်းနှင့် ကော်မရှင်အဖွဲ့ဝင်များတွင်တပ်မတော်နှင့်အငြိမ်းစားယူထားသူများကိုခန့်အပ်ထားခြင်းကြောင့် ရွေးကောက်ပွဲကော်မရှင်လွတ်လတ်ခြင်းမရှိနိုင်ကြောင်း နိုင်ငံရေးပါတီအချိုက ဝေဖန်ခဲ့ကြသည်။
သို့သော်လည်းအဆိုပါကော်မရှင်ကကျင်းပခဲ့သော၂၀၁၅အထွေထွေရွေးကောက်ပွဲသည်လွတ်လပ် တရားမျှတမှုရှိသော ရွေးကောက်ပွဲဖြစ်ခဲ့ကြောင်း နိုင်ငံတကာအစိုးရအဖွဲ့များနှင့် ပြည်တွင်း အဖွဲပအစည်းများက ထုပ်ဖော်ပြေဆိုခဲ့သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အသစ်၏ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်ငါးဦးစားရင်းကို နိုင်ငံတော်သမ္မတ အသစ်ဦးထင်ကျော်က မတ်လ ၂၅ ရက်နေ့တွင် ပြုလုပ်သောဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ ပေးပို့ထားပြီး မတ်လ ၂၈ ရက်နေ့အစည်းအဝေးတွင် အတည်ပြုမည်ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။
အဆိုပါ အစိုးရသစ်၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်အဆိုပြုခံရသူ ဦးလှသိန်း သည် မိတ္ထီလာ တက္ကသိုလ် ပါမေက္ခချုပ် ဟောင်းတစ်ဦးဖြစ်ကြောင်း NLD ပါတီထံမှ သိရသည်။[:]