ရွေးကောက်ပွဲနေ့တွေ့ရှိချက်ကနဦးအစီရင်ခံစာ အနှစ်ချုပ်ထုတ်ပြန်ချက်
နိုဝင်ဘာလ၊ (၉) ရက်၊ ၂၀၂၀ ပြည့်နှစ်
လွတ်လပ်မျှတသောရွေးကောက်ပွဲများပံ့ပိုးကူညီရေးအဖွဲ့ (MYNFREL) အဖွဲ့မှ ၂၀၂၀ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာရာတွင် ကချင်ပြည်နယ်၊ ကယား ပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှ မြို့နယ် ပေါင်း (၂၇)မြို့နယ်တွင် ရွေးကောက်ပွဲ ကာလရှည်စောင့်ကြည့်လေ့လာသူ(၂၇)ဦးဖြင့် ၂၀၂၀ ခုနှစ် စက်တင် ဘာလမှစ၍ နိုဝင်ဘာလအထိ ရွေးကောက်ပွဲအကြိုကာလ၊ ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲ နှောင်းပိုင်း ကာလစသည်တို့ကို စောင့်ကြည့်လေ့လာခြင်း ဖြစ်ပါသည်။ ထိုသို့ ရွေးကောက်ပွဲကာလ(၃)ခုလုံးကို စောင့် ကြည့်လေ့လာရာ၌ ရွေးကောက်ပွဲဖြစ်စဉ်တွင် တိုင်းရင်းလူနည်းစုပါဝင်မှုနှင့် လူငယ်များ၏ပါဝင်မှုအခန်း ကဏ္ဍကို အဓိကထားပြီး စောင့်ကြည့်လေ့လာခြင်း ဖြစ်ပါသည်။
ယခုကနဦးအစီရင်ခံစာတွင် ရွေးကောက်ပွဲနေ့ဖြစ်စဉ်များဖြစ်သည့် မဲရုံဝန်းကျင်အခြေအနေ၊ မဲရုံဖွင့်လှစ်ခြင်း၊ ဆန္ဒမဲပေးခြင်း၊ မဲရုံပိတ်ခြင်း၊ မဲရေတွက်ခြင်းစသည်တို့နှင့် ပတ်သက်၍ တွေ့ရှိချက်အနှစ် ချုပ်များကို အဓိကဖော်ပြထားပြီး အသေးစိတ်အချက်အလက်များကို အပြီးသတ်အစီရင်ခံစာတွင် ထပ်မံ ဖော်ပြသွားမည် ဖြစ်ပါသည်။
စောင့်ကြည့်လေ့လာမှုနည်းလမ်း
မြန်ဖရယ်(MYNFREL)အဖွဲ့သည် ရွေးကောက်ပွဲနေ့ဖြစ်စဉ်ကို ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး တို့မှ မြို့နယ်ပေါင်း (၃၅) မြို့နယ်တွင် ရွေးကောက်ပွဲကာလရှည်စောင့်ကြည့်လေ့လာသူ(၂၇)ဦး၊ ရွေးကောက်ပွဲ ကာလတိုစောင့်ကြည့်လေ့လာသူ (၁၇၁)ဦး စုစုပေါင်း ရွေးကောက်ပွဲနေ့ စောင့်ကြည့်လေ့လာသူ စုစုပေါင်း (၁၉၈)ဦးတို့ဖြင့် မဲရုံပေါင်း(၄၀၀)ရုံခန့်ကို စောင့်ကြည့်လေ့လာနိုင်ခဲ့ပါသည်။
စောင့်ကြည့်လေ့လာမှုနည်းစနစ်သည် အခြေချစနစ်နှင့် ရွေ့လျားစနစ်တို့ကို ပေါင်းစပ်ထားပြီး အခြေ ချစနစ်ဖြင့် စောင့်ကြည့်လေ့လာသည့် မဲရုံ (၁၇၁)ရုံ၊ ရွေ့လျားစနစ်ဖြင့် စောင့်ကြည့်လေ့လာသည့် မဲရုံ (၂၀၀)ရုံ နှင့်လူတွေ့မေးမြန်းမှုပေါင်း(၆၀၀)တို့ကို ရွေးကောက်ပွဲနေ့(နိုဝင်ဘာ(၈)ရက်)တွင်စောင့်ကြည့်လေ့လာခြင်းနှင့် လူတွေ့မေးမြန်းမှုများကို လုပ်ဆောင်ခဲ့ပါသည်။ မဲရုံအခြေချစောင့်ကြည့် လေ့လာသူများသည် မဲရုံမဖွင့်ခင် မဲရုံ ပတ်ဝန်းကျင်အခြေအနေမှ စတင်၍ ဆန္ဒမဲပေးခြင်း၊ မဲရုံပိတ်ခြင်း၊ ဆန္ဒမဲရေတွက်ပြီးသည့်အချိန်ထိ ဖြစ်စဉ် တလျှောက်လုံးကို စောင့်ကြည့်လေ့လာခဲ့ပါသည်။
အစီရင်ခံစာအား ဒေါင်းလုဒ်ရယူရန် (Please Download here)
Preliminary Report on Election Day Findings_MM
Zawgyi
ေ႐ြးေကာက္ပြဲေန႔ကနဦးအစီရင္ခံစာ အႏွစ္ခ်ဳပ္ထုတ္ျပန္ခ်က္
ႏိုဝင္ဘာလ၊ (၉) ရက္၊ ၂၀၂၀ ျပည့္ႏွစ္
လြတ္လပ္မွ်တေသာေ႐ြးေကာက္ပြဲမ်ားပံ့ပိုးကူညီေရးအဖြဲ႕ (MYNFREL) အဖြဲ႕မွ ၂၀၂၀ ခုႏွစ္ ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲကို ေစာင့္ၾကည့္ေလ့လာရာတြင္ ကခ်င္ျပည္နယ္၊ ကယား ျပည္နယ္၊ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)ႏွင့္ တနသၤာရီတိုင္းေဒသႀကီးတို႔မွ ၿမိဳ႕နယ္ ေပါင္း (၂၇)ၿမိဳ႕နယ္တြင္ ေ႐ြးေကာက္ပြဲ ကာလရွည္ေစာင့္ၾကည့္ေလ့လာသူ(၂၇)ဦးျဖင့္ ၂၀၂၀ ခုႏွစ္ စက္တင္ ဘာလမွစ၍ ႏိုဝင္ဘာလအထိ ေ႐ြးေကာက္ပြဲအႀကိဳကာလ၊ ေ႐ြးေကာက္ပြဲကာလႏွင့္ ေ႐ြးေကာက္ပြဲ ေႏွာင္းပိုင္း ကာလစသည္တို႔ကို ေစာင့္ၾကည့္ေလ့လာျခင္း ျဖစ္ပါသည္။ ထိုသို႔ ေ႐ြးေကာက္ပြဲကာလ(၃)ခုလုံးကို ေစာင့္ ၾကည့္ေလ့လာရာ၌ ေ႐ြးေကာက္ပြဲျဖစ္စဥ္တြင္ တိုင္းရင္းလူနည္းစုပါဝင္မႈႏွင့္ လူငယ္မ်ား၏ပါဝင္မႈအခန္း က႑ကို အဓိကထားၿပီး ေစာင့္ၾကည့္ေလ့လာျခင္း ျဖစ္ပါသည္။
ယခုကနဦးအစီရင္ခံစာတြင္ ေ႐ြးေကာက္ပြဲေန႔ျဖစ္စဥ္မ်ားျဖစ္သည့္ မဲ႐ုံဝန္းက်င္အေျခအေန၊ မဲ႐ုံဖြင့္လွစ္ျခင္း၊ ဆႏၵမဲေပးျခင္း၊ မဲ႐ုံပိတ္ျခင္း၊ မဲေရတြက္ျခင္းစသည္တို႔ႏွင့္ ပတ္သက္၍ ေတြ႕ရွိခ်က္အႏွစ္ ခ်ဳပ္မ်ားကို အဓိကေဖာ္ျပထားၿပီး အေသးစိတ္အခ်က္အလက္မ်ားကို အၿပီးသတ္အစီရင္ခံစာတြင္ ထပ္မံ ေဖာ္ျပသြားမည္ ျဖစ္ပါသည္။
ေစာင့္ၾကည့္ေလ့လာမႈနည္းလမ္း
ျမန္ဖရယ္(MYNFREL)အဖြဲ႕သည္ ေ႐ြးေကာက္ပြဲေန႔ျဖစ္စဥ္ကို ကခ်င္ျပည္နယ္၊ ကယားျပည္နယ္၊ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ တနသၤာရီတိုင္းေဒသႀကီးႏွင့္ ရန္ကုန္တိုင္းေဒသႀကီး တို႔မွ ၿမိဳ႕နယ္ေပါင္း (၃၅) ၿမိဳ႕နယ္တြင္ ေ႐ြးေကာက္ပြဲကာလရွည္ေစာင့္ၾကည့္ေလ့လာသူ(၂၇)ဦး၊ ေ႐ြးေကာက္ပြဲ ကာလတိုေစာင့္ၾကည့္ေလ့လာသူ (၁၇၁)ဦး စုစုေပါင္း ေ႐ြးေကာက္ပြဲေန႔ ေစာင့္ၾကည့္ေလ့လာသူ စုစုေပါင္း (၁၉၈)ဦးတို႔ျဖင့္ မဲ႐ုံေပါင္း(၄၀၀)႐ုံခန႔္ကို ေစာင့္ၾကည့္ေလ့လာႏိုင္ခဲ့ပါသည္။
ေစာင့္ၾကည့္ေလ့လာမႈနည္းစနစ္သည္ အေျခခ်စနစ္ႏွင့္ ေ႐ြ႕လ်ားစနစ္တို႔ကို ေပါင္းစပ္ထားၿပီး အေျခ ခ်စနစ္ျဖင့္ ေစာင့္ၾကည့္ေလ့လာသည့္ မဲ႐ုံ (၁၇၁)႐ုံ၊ ေ႐ြ႕လ်ားစနစ္ျဖင့္ ေစာင့္ၾကည့္ေလ့လာသည့္ မဲ႐ုံ (၂၀၀)႐ုံ ႏွင့္လူေတြ႕ေမးျမန္းမႈေပါင္း(၆၀၀)တို႔ကို ေ႐ြးေကာက္ပြဲေန႔(ႏိုဝင္ဘာ(၈)ရက္)တြင္ေစာင့္ၾကည့္ေလ့လာျခင္းႏွင့္ လူေတြ႕ေမးျမန္းမႈမ်ားကို လုပ္ေဆာင္ခဲ့ပါသည္။ မဲ႐ုံအေျခခ်ေစာင့္ၾကည့္ ေလ့လာသူမ်ားသည္ မဲ႐ုံမဖြင့္ခင္ မဲ႐ုံ ပတ္ဝန္းက်င္အေျခအေနမွ စတင္၍ ဆႏၵမဲေပးျခင္း၊ မဲ႐ုံပိတ္ျခင္း၊ ဆႏၵမဲေရတြက္ၿပီးသည့္အခ်ိန္ထိ ျဖစ္စဥ္ တေလွ်ာက္လုံးကို ေစာင့္ၾကည့္ေလ့လာခဲ့ပါသည္။