မြန်မာ့သတင်းမီဒီယာ၏ လွပ်လပ်စွာရေးသားဖော်ပြခွင့်သည် ၂၀၁၂ နောက်ပိုင်းတွင် ပို၍ ပြောဆို ရေးသားခွင့် ရလာခဲ့သည်ဟုဆိုနိုင်ပါသည်။ မြန်မာနိုင်ငံ၏ ပြည်သူလူထုသည် သတင်းအချက် အလက်များ အားလုံးကို သတင်းမီဒီယာမှ အဓိက ရရှိကြပြီး သတင်းမီဒီယာကသာလျှင် တောရော မြို့ပါ လွမ်းခြုံ နိုင်သော နေ့စဉ် သတင်းပေးစက်ကြီးတစ်ခုဖြစ်ပါသည်။ တစ်ချို့နေရာတွင် သတင်းစာများ အချိန်မှီ မရောက်နိုင်သော်လည်းပဲ အခငွေကြေး ပေးဆောင်ရန်မလိုသော ရေဒီယိုလိုင်းများ နှင့် တီဗွီလိုင်းများ ခေတ် စားလာနေသောကြောင့် နေရာတော်တော်များများတွင် နေ့စဉ်သတင်းများကို ဖမ်းယူနားဆင် လာကြပြီ ဖြစ်သည်။
Myanmar Language Election Observation through Media-mm