အားလုံးအကျုံးဝင်ရွေးကောက်ပွဲသတင်းစဉ် ကနဉီးအစီရင်ခံစာ (နိုဝင်ဘာလ၊ ၂၀၂၀ ပြည့်နှစ်)
၂၀၂၀ အထွေထွေရွေးကောက်ပွဲ သတင်းမီဒီလေ့လာစောင့်ကြည့်ရေးအစီအစဉ်သည် မတူကွဲပြားသော နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများ၏ အကြောင်းအရာများအား ဖော်ပြမှုပုံစံ၊ သတင်းလွှမ်းခြုံမှု ပုံစံ၊ အကြောင်းအရာများ၊ ဘက်လိုက်မှုနှင့် အသံနေအသံထားစသည့် အားလုံးအကျုံးဝင်ပါဝင်သော တင်ပြမှု ပုံစံများ လေ့လာရန်ဖြစ်ပါသည်။ ၄င်းတေွ့ရှိချက်များမှတဆင့် နောင်လာမည့်ရွေးကောက်ပွဲများတွင် သတင်း မီဒီယာကျင့်ဝတ်များနှင့်အညီ အားလုံးအကျုံးဝင်ပါဝင်သော ဖော်ပြမှုကို မြှင့်တင်ရန် ရည်ရွယ်ပါသည်။
သတင်းမီဒီယာများသည် မည်သည့်နိုင်ငံရေးပါတီများအား အကြိမ်ရေမည်မျှဖော်ပြသနည်း၊ လူမျိုးစုပါတီများ ဉီးဆောင်သော နိုင်ငံရေးပါတီခေါင်းဆောင်များအကြောင်း မည်မျှဖော်ပြပါသနည်း၊ မည်သို့သော အကြောင်း အရာများအား သတင်းမီဒီယာတွင် အဓိကထားရေးသားတင်ဆက်ကြပါသနည်းနှင့် ဒီဂျစ်တယ်သတင်းစာ မျက်နှာများပေါ်တွင် အမျိုးသမီး၊ လူမျိုးစုနှင့် လူငယ်ကိုယ်စားလှယ်လောင်းများအကြောင်းကို မည်မျှ လွှမ်းခြုံဖော်ပြကြသနည်းဆိုသည့်မေးခွန်းများဖြင့် လေ့လာမှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။
၂၀၂၀ ရွေးကောက်ပွဲတွင် သတင်းမီဒီယာများ၏ အခန်းကဏ္ဌ
သတင်းမီဒီယာများသည် မဲဆန္ဒရှင်ပြည်သူများသို့ သတင်းအချက်အလက်များ မှန်မှန်ကန်ကန် အချိန်နှင့် တပြေးညီရောက်ရှိအောင် ကြားခံဆောင်ရွက်ပေးနိုင်သည့်အပြင်၊ ရွေးကောက်ပွဲတွင် ပါဝင်ပတ်သက်သူများ၏ အကြောင်းအရာများကိုလည်း အများပြည်သူထံ တင်ဆက်ဖော်ပြပေးနိုင်သည်။
ဒီမိုကရေစီနည်းလမ်းကျ လွတ်လပ်မျှတသောရွေးကောက်ပွဲများတွင် သတင်းမီဒီယာ၏အခန်းကဏ္ဍမှာ အလွန်ကြီးမားပါသည်။ စုံလင်ကွဲပြားသော နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်များအကြောင်း ဘက်လိုက်မှု ကင်းကင်း သတင်းလွှမ်းခြုံတင်ဆက်မှုသည် ဒီမိုကရေစီနည်းကျရွေးကောက်ပွဲများတွင် မီဒီယာများ စောင့်ထိန်းရမည့် နိုင်ငံတကာစံနှုန်းများထဲမှ တစ်ခုဖြစ်ပါသည်။
ယခု ၂၀၂၀ အထွေထွေရွေးကောက်ပွဲသည် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြားမှ ပြုလုပ်ကျင်းပရမည့် ရွေးကောက်ပွဲဖြစ်ပါသည်။ ထို့အပြင် ကိုဗစ်-၁၉ကာလ ဒီဂျစ်တယ်ပလက်ဖောင်းများ ပိုမိုအားကောင်းလာကာ မြန်မာပြည်သူများ၏ လူမှုမီဒီယာ အထူးသဖြင့် Facebook အသုံးပြုသူဉီးရေ တိုးပွားလာကြောင်းတွေ့ရသည်။ ရန်ကုန်မြို့ကဲ့သိုသော အဓိကမြို့ကြီးနေရာများတွင် အိမ်တွင်းနေကြရန် (Stay at Home) ကာလအဖြစ် သတ်မှတ်ထားရပြီး ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်လည်း သတ်မှတ်ထားသည့်လူဉီးရေထက် ပိုမစုကြရန် ညွှန်ကြားချက်ထုတ်ပြန်ထားဆဲဖြစ်သည်။ ထို့ကြောင့် ရွေးကောက်ပွဲမဲဆွယ်ကာလတွင် အပြိုင် အဆိုင် မဲဆွယ်ကြရမည့် နိုင်ငံရေးပါတီများအနေဖြင့် လမ်းမပေါ်ထွက်ပြီး မဲဆွယ်ကြမည့် အစီအစဉ်များအစား မဲဆန္ဒရှင်များသို့ရောက်ရှိနိုင်မည့် အခြားသောနည်းလမ်းများဖြင့်ချဉ်းကပ်ကြရန် ဖြစ်လာခဲ့သည်။ ၄င်းအခြေနေ များကြောင့် နိုင်ငံရေးပါတီများသည် လူစုလူဝေးများပြု၍ မဲဆွယ်စည်းရုံးခြင်းအစီအစဉ်များအား အတတ်နိုင် ဆုံး လျှော့ချကြပြီး သတင်းမီးဒီယာများမှတဆင့် မဲဆွယ်သည့်နည်းလမ်းများအားလည်း အသုံးပြုလာ ကြသည်။
အစီရင်ခံစာ အပြည့်အစုံအား ဒေါင်းလုဒ် ရယူရန် – Download here
Inclusiveness in Media _Media Monitoring Preliminary Report_November_2020
Zawgyi
အားလုံးအက်ဳံးဝင္ေ႐ြးေကာက္ပြဲသတင္းစဥ္ ကနဉီးအစီရင္ခံစာ (ႏိုဝင္ဘာလ၊ ၂၀၂၀ ျပည့္ႏွစ္)
၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲ သတင္းမီဒီေလ့လာေစာင့္ၾကည့္ေရးအစီအစဥ္သည္ မတူကြဲျပားေသာ ႏိုင္ငံေရးပါတီမ်ားႏွင့္ ကိုယ္စားလွယ္ေလာင္းမ်ား၏ အေၾကာင္းအရာမ်ားအား ေဖာ္ျပမႈပုံစံ၊ သတင္းလႊမ္းၿခဳံမႈ ပုံစံ၊ အေၾကာင္းအရာမ်ား၊ ဘက္လိုက္မႈႏွင့္ အသံေနအသံထားစသည့္ အားလုံးအက်ဳံးဝင္ပါဝင္ေသာ တင္ျပမႈ ပုံစံမ်ား ေလ့လာရန္ျဖစ္ပါသည္။ ၄င္းေတြ႕ရွိခ်က္မ်ားမွတဆင့္ ေနာင္လာမည့္ေ႐ြးေကာက္ပြဲမ်ားတြင္ သတင္း မီဒီယာက်င့္ဝတ္မ်ားႏွင့္အညီ အားလုံးအက်ဳံးဝင္ပါဝင္ေသာ ေဖာ္ျပမႈကို ျမႇင့္တင္ရန္ ရည္႐ြယ္ပါသည္။
သတင္းမီဒီယာမ်ားသည္ မည္သည့္ႏိုင္ငံေရးပါတီမ်ားအား အႀကိမ္ေရမည္မွ်ေဖာ္ျပသနည္း၊ လူမ်ိဳးစုပါတီမ်ား ဉီးေဆာင္ေသာ ႏိုင္ငံေရးပါတီေခါင္းေဆာင္မ်ားအေၾကာင္း မည္မွ်ေဖာ္ျပပါသနည္း၊ မည္သို႔ေသာ အေၾကာင္း အရာမ်ားအား သတင္းမီဒီယာတြင္ အဓိကထားေရးသားတင္ဆက္ၾကပါသနည္းႏွင့္ ဒီဂ်စ္တယ္သတင္းစာ မ်က္ႏွာမ်ားေပၚတြင္ အမ်ိဳးသမီး၊ လူမ်ိဳးစုႏွင့္ လူငယ္ကိုယ္စားလွယ္ေလာင္းမ်ားအေၾကာင္းကို မည္မွ် လႊမ္းၿခဳံေဖာ္ျပၾကသနည္းဆိုသည့္ေမးခြန္းမ်ားျဖင့္ ေလ့လာမႈမ်ားျပဳလုပ္ခဲ့ျခင္းျဖစ္သည္။
၂၀၂၀ ေ႐ြးေကာက္ပြဲတြင္ သတင္းမီဒီယာမ်ား၏ အခန္းကဏၭ
သတင္းမီဒီယာမ်ားသည္ မဲဆႏၵရွင္ျပည္သူမ်ားသို႔ သတင္းအခ်က္အလက္မ်ား မွန္မွန္ကန္ကန္ အခ်ိန္ႏွင့္ တေျပးညီေရာက္ရွိေအာင္ ၾကားခံေဆာင္႐ြက္ေပးႏိုင္သည့္အျပင္၊ ေ႐ြးေကာက္ပြဲတြင္ ပါဝင္ပတ္သက္သူမ်ား၏ အေၾကာင္းအရာမ်ားကိုလည္း အမ်ားျပည္သူထံ တင္ဆက္ေဖာ္ျပေပးႏိုင္သည္။
ဒီမိုကေရစီနည္းလမ္းက် လြတ္လပ္မွ်တေသာေ႐ြးေကာက္ပြဲမ်ားတြင္ သတင္းမီဒီယာ၏အခန္းက႑မွာ အလြန္ႀကီးမားပါသည္။ စုံလင္ကြဲျပားေသာ ႏိုင္ငံေရးပါတီမ်ားႏွင့္ ကိုယ္စားလွယ္မ်ားအေၾကာင္း ဘက္လိုက္မႈ ကင္းကင္း သတင္းလႊမ္းၿခဳံတင္ဆက္မႈသည္ ဒီမိုကေရစီနည္းက်ေ႐ြးေကာက္ပြဲမ်ားတြင္ မီဒီယာမ်ား ေစာင့္ထိန္းရမည့္ ႏိုင္ငံတကာစံႏႈန္းမ်ားထဲမွ တစ္ခုျဖစ္ပါသည္။
ယခု ၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲသည္ ကိုဗစ္-၁၉ ကမာၻ႔ကပ္ေရာဂါၾကားမွ ျပဳလုပ္က်င္းပရမည့္ ေ႐ြးေကာက္ပြဲျဖစ္ပါသည္။ ထို႔အျပင္ ကိုဗစ္-၁၉ကာလ ဒီဂ်စ္တယ္ပလက္ေဖာင္းမ်ား ပိုမိုအားေကာင္းလာကာ ျမန္မာျပည္သူမ်ား၏ လူမႈမီဒီယာ အထူးသျဖင့္ Facebook အသုံးျပဳသူဉီးေရ တိုးပြားလာေၾကာင္းေတြ႕ရသည္။ ရန္ကုန္ၿမိဳ႕ကဲ့သိုေသာ အဓိကၿမိဳ႕ႀကီးေနရာမ်ားတြင္ အိမ္တြင္းေနၾကရန္ (Stay at Home) ကာလအျဖစ္ သတ္မွတ္ထားရၿပီး က်န္ျပည္နယ္ႏွင့္ တိုင္းေဒသႀကီးမ်ားတြင္လည္း သတ္မွတ္ထားသည့္လူဉီးေရထက္ ပိုမစုၾကရန္ ၫႊန္ၾကားခ်က္ထုတ္ျပန္ထားဆဲျဖစ္သည္။ ထို႔ေၾကာင့္ ေ႐ြးေကာက္ပြဲမဲဆြယ္ကာလတြင္ အၿပိဳင္ အဆိုင္ မဲဆြယ္ၾကရမည့္ ႏိုင္ငံေရးပါတီမ်ားအေနျဖင့္ လမ္းမေပၚထြက္ၿပီး မဲဆြယ္ၾကမည့္ အစီအစဥ္မ်ားအစား မဲဆႏၵရွင္မ်ားသို႔ေရာက္ရွိႏိုင္မည့္ အျခားေသာနည္းလမ္းမ်ားျဖင့္ခ်ဥ္းကပ္ၾကရန္ ျဖစ္လာခဲ့သည္။ ၄င္းအေျခေန မ်ားေၾကာင့္ ႏိုင္ငံေရးပါတီမ်ားသည္ လူစုလူေဝးမ်ားျပဳ၍ မဲဆြယ္စည္း႐ုံးျခင္းအစီအစဥ္မ်ားအား အတတ္ႏိုင္ ဆုံး ေလွ်ာ့ခ်ၾကၿပီး သတင္းမီးဒီယာမ်ားမွတဆင့္ မဲဆြယ္သည့္နည္းလမ္းမ်ားအားလည္း အသုံးျပဳလာ ၾကသည္။
အစီရင်ခံစာ အပြည့်အစုံအား ဒေါင်းလုဒ် ရယူရန် – Download here
Inclusiveness in Media _Media Monitoring Preliminary Report_November_2020